ဘာအရေးကြီးဆုံးလဲ

လွန်ခဲ့သော နှစ်အနည်းငယ်က ဆီယက်တဲလ်မြို့တွင် အထူးအိုလံပစ်ပွဲတစ်ပွဲ ကျင်း

ပသည် ။ သည်အထဲက မီတာတစ်ရာ ပြေးပွဲတစ်ခုတွင်ယှဉ်ပြိုင်သူ ကိုးဦး ပါဝင်သည် ။

တာလွှတ်မည့်နေရာတွင် တန်းစီနေကြသည့် ယင်းပုဂ္ဂိုလ် ၉ ဦးလုံးက ကိုယ်

အင်္ဂါမသန်မစွမ်းသူ သို့မဟုတ် ဥာဏ်ရေချို့ယွင်းသူများချည်းဖြစ်၏။

တာလွှတ်ဒိုင်က သေနတ်ဖောက်လိုက်သည့်အခါ အားလုံးပင်စ၍ပြေးကြသည်။

တစ်ရှိန်ထိုး တာထွက်ခြင်းမျိုး မဟုတ်သော်လည်း အားလုံးပင် သူ့ထက်ငါ ပန်းတိုင်အရင်

ရောက်အောင် အားပါးတရပြေးကြခြင်းဖြစ်သည် ။

သို့သော် ကောင်လေးတစ်ယောက်က အားလုံးထဲမှခြွင်းချက်ဖြစ်နေသည် ။ သူ

က ကတ္တရာပြေးလမ်းပေါ် လဲကျသည် ။ နှစ်ကြိမ်ဆက်တိုက် လဲကျပြီးသည့်နောက်တွင်

သူ ဆက်မပြေးပဲ အော်၍ငိုလေသည် ။

ကောင်လေးငိုသံကြားသောအခါ ပြေးနေသူရှစ်ယောက်စလုံး အရှိန်သေသွား

သည်။ အဲ့ဒီနောက် အားလုံးပင်ရပ်လိုက်ကြကာ နောက်ဘက် ပြန်လှည့်လာသည်။ လဲနေ

သောကောင်လေးဆီသို့ တစ်ယောက်မကျန် ပြန်လာကြခြင်းဖြစ်သည်။

ဒေါင်းဆင်ဒရုန်း ရောဂါကြောင့် ဥာဏ်ရေချို့တဲ့ နေသည့်ကောင်မလေးက လဲ

ကျနေသော ကောင်လေးအား၊ ဦးစွာငုံ့၍ နမ်းလိုက်ပြီးနောက် ထူပေးလိုက်သည်။ သည့်

နောက် ကိုးယောက်လုံးခြင်းချိတ်ကာ ပန်းတိုင်ဆီသို့ အတူတကွချီတက် သွားကြသည်။

ပရိတ်သတ်အားလုံးလည်း ထရပ်ပြီး လက်ခုပ်သြဘာသံများဖြင့် ချီးမြှင့်ကြရာ

ဆယ်မီနစ်မျှ သောသောညံ သွားလေသည် ။


အမည်မသိ စာရေးသူ ၏ What' Really Important

ဖေမြင့် ဘာသာပြန်သည် ။

0 comments:

Post a Comment