လစ်ဘာတီရုပ်ထု


ူလစ်ဘာတီ(လွတ်လပ်ရေး)ရုပ်ထု
အမေရိကန်ပြည်ထောင်စုရှိ နယူးယောက် ဆိပ်ကမ်းသို့ ၀င်လိုက်သည်နှင့် ကမ္ဘာကျော် လစ်ဘာတီ ရုပ်တုကြီးကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုရုပ်တုကြီးကို ၁၈၈၆-ခုနှစ်တွင် အမေရိကန် တော်လှန်ရေး အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုရုပ်တုကြီးကို ကြေးပြားများဖြင့် ပြုလုပ်ထားပြီး ရုပ်တုအမြင့်မှာ ၃၀၇-ပေ ရှိသည်။ ၁၉၈၀-ပြည့်နှစ်များတွင် ရုပ်တုကြီးအတွင်းရှိ ရိုးရိုးသံချောင်းများကို သံမဏိစတီးချောင်းများဖြင့် အစားထိုးပြုပြင်ပြီး ပိုမိုခိုင်ခန့် တည်တံ့စေရန် ထိန်းသိမ်းထားသည်

0 comments:

Post a Comment