ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ဖြစ်သည်။
ရှေးယခင် မွန်ဘုရင်များအောက်မြန်မာနိုင်ငံတွင် ကြီးစိုးစဉ်က ဒဂုံ
ဟူသောအမည်ဖြင့် ထင်ရှားခဲ့ပြီး ခရစ်နှစ် ၁၇၅၅ တွင် တတိယ မြန်မာနိုင်ငံတည်
ဘုရင်
အလောင်းဘုရား
(၁၇၅၅-၁၇၆၀ AD) ဒဂုံ ကို ရန်အပေါင်း ကုန်စင်သောကြောင့် ရန်ကုန်ဟု
အမည်တွင်စေခဲ့သည်။ ကမ္ဘာအံ့ဖွယ် ကြီးများတဲမှ တစ်ခုဖြစ်သည့်
ရွှေတိဂုံစေတီတော်တည်ရှိရာမြို့လည်းဖြစ်သည်။
ရန်ကုန်၏ မူလအမည်မှာ ဒဂုံ ဖြစ်သည်။ ရန်တွေကုန်စင်သော အဓိပ္ပါယ်နှင့်
အလောင်းမင်းတရားကြီးက ရန်ကုန်-ဟု အမည်ပြောင်းလိုက်သည်။ မူလအမည်က ဒဂုံ-က
မွန် ဝေါဟာရ ဒဂုင်၊ လွုင်-တို့က ဆင်းသက်ပြီး ဒဂုံ-ဖြစ်လာသည်။
ထိုနာမည်သည် ရွှေတိဂုံစေတီတော်ကြီးကို ပေးသော ဘွဲ့မည်ဖြစ်သည်။
မွန်ဘုရင်မကြီး ရှင်စောပုက
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ဉာဏ်တော်ကိုမြှင့်ပြီး တည်ဆောက်ပြီးသောအခါ
ကျပ်ဒဂုင် (ကျိုက်ဒဂုံ-ဒဂုံဘုရား)ဟု ဘွဲ့မည်ပေးလိုက်သည်။ တချို့
ပညာရှင်များက တောင်သုံးလုံးမြို့-လို့ အဓိပ္ပါယ်ရသော တိကုမ္ဘနဂရ-ဆိုသည့်
ပါဠိဝေါဟာရ-က ဆင်းသက်ကြောင်း၊ တိကုမ္ဘ-က တိကုမ်၊ တကုမ်၊ ဒဂုံ-လို့
ပြောင်းလဲလာကြောင်း ဆိုကြပါသည်။ မွန်ဝေါဟာရကလည်း ကုန်းမြင့်ပေါ်ကစေတီဟု
အဓိပ္ပါယ်ရပါသည်။
တည်နေရာ
ရန်ကုန်မြို့သည် ရန်ကုန်မြစ် နှင့် ပဲခူးမြစ်တို့ ပေါင်းစုံရာ နေရာတွင်ရှိသည်။
ပါဝင်သောမြို့နယ်များ
- ကမာရွတ်မြို့နယ်
- ကော့မှူးမြို့
- ကျောက်တံတားမြို့နယ်
- ကြည့်မြင်တိုင်းမြို့နယ်
- ကွမ်းခြံကုန်းမြို့နယ်
- စမ်းချောင်းမြို့နယ်
- ဆိပ်ကြီးခနောင်တိုမြို့နယ်
- တာမွေမြို့နယ်
- တောင်ဥက္ကလာပမြို့နယ်
- ဒဂုံမြို့နယ်
- ဒဂုံမြို့သစ်
- ဒလမြို့နယ်
- ဒေါပုံမြို့နယ်
- ပုဇွန်တောင်မြို့နယ်
- ပန်းဘဲတန်းမြို့နယ်
- ဗိုလ်တထောင်မြို့နယ်
- ဗဟန်းမြို့နယ်
- မရမ်းကုန်းမြို့နယ်
- မင်္ဂလာတောင်ညွန့်မြို့နယ်
- မင်္ဂလာဒုံမြို့နယ်
- မှော်ဘီမြို့နယ်
- မြောက်ဥက္ကလာပမြို့နယ်
- ရန်ကင်းမြို့နယ်
- ရွှေပြည်သာမြို့နယ်
- လှော်ကားမြို့နယ်
- လှိုင်မြို့နယ်
- လသာမြို့နယ်
- လမ်းမတော်မြို့နယ်
- သင်္ဃန်းကျွန်းမြို့နယ်
- သာကေတမြို့နယ်
- သန်လျင်မြို့နယ်
- အလုံမြို့နယ်
- အင်းစိန်မြို့နယ်
စာပို့သင်္ကေတများ
မြို့
| စာတိုက်
| စာပို့သင်္ကေတ
|
ကမာရွတ်
| ကမာရွတ်
| 11041
|
ကျောက်တံတား
| ကျောက်တံတား
| 11182
|
ကျောက်တန်း
| ကျောက်တန်း
| 11301
|
ကြည့်မြင်တိုင်
| ကြည့်မြင်တိုင်
| 11101
|
စမ်းချောင်း
| စမ်းချောင်း
| 11111
|
တောင်ဥက္ကလာပ
| တောင်ဥက္ကလာပ
| 11091
|
ဒဂုံ
| ဒဂုံ
| 11191
|
ဒဂုံမြို့သစ် (မြောက်ပိုင်း)
| ဒဂုံမြို့သစ် (မြောက်ပိုင်း)
| 11421
|
ဒဂုံမြို့သစ် (တောင်ပိုင်း)
| ဒဂုံမြို့သစ် (တောင်ပိုင်း)
| 11431
|
ဒေါပုံ
| ဒေါပုံ
| 11241
|
ပုဇွန်တောင်
| ပုဇွန်တောင်
| 11171
|
ပန်းဘဲတန်း
| ပန်းဘဲတန်း
| 11041
|
ပြည်သာယာ
| ရန်ကင်း
| 11082
|
ဗဟန်း
| ဗဟန်း
| 11201
|
ဗိုလ်ချုပ်အောင်ဆန်းဈေး
| ပန်းဘဲတန်း
| 11143
|
ဗိုလ်တထောင်
| ဗိုလ်တထောင်
| 11162
|
ဗိုလ်တထောင်
| ဗိုလ်တထောင်
| 11161
|
ဘုရင့်နောင်ဈေး (သမိုင်း)
| မရမ်းကုန်း
| 11062
|
လှိုင်
| လှိုင်
| 11051
|
လှိုင်သာယာ
| လှိုင်သာယာ
| 11401
|
အလုံ
| အလုံ
| 11121
|
အောင်ဆန်း
| အင်းစိန်
| 11012
|
အင်းစိန်
| အင်းစိန်
| 11011
|
ကမ္ဘာအေး
| မရမ်းကုန်း
| 11061
|
လမ်းမတော်
| လမ်းမတော်
| 11131
|
မင်္ဂလာတောင်ညွန့်
| မင်္ဂလာတောင်ညွန့်
| 11221
|
မင်္ဂလာဒုံ
| မင်္ဂလာဒုံ
| 11021
|
မြောက်ဥက္ကလာပ
| မြောက်ဥက္ကလာပ
| 11031
|
ရွှေပြည်သာ
| ရွှေပြည်သာ
| 11411
|
ရွှေပေါက္ကံ
| မြောက်ဥက္ကလာပ
| 11032
|
တာမွေ
| တာမွေ
| 11211
|
ရန်ကုန်
| ရန်ကုန်
| 11181
|
ရန်ကုန် ဘူတာကြီး
| မင်္ဂလာတောင်ညွန့်
| 11222
|
ရန်ကင်း
| ရန်ကင်း
| 11081
|
သံလျင်
| သံလျင်
| 11291
|
သမိုင်းကောလိပ် (ရန်ကုန်တက္ကသိုလ် -လှိုင်နယ်မြေ)
| လှိုင်
| 11052
|
သာကေတ
| သာကေတ
| 11231
|
သိမ်ကြီးဈေး
| ပန်းဘဲတန်း
| 11142
|
သင်္ဃန်းကျွန်း
| သင်္ဃန်းကျွန်း
| 11071
|
သုဝဏ္ဏ
| သင်္ကန်းကျွန်း
| 11072
|
ဆိပ်ခံတံတားများ
- ဗိုလ်အောင်ကျော် ဆိပ်ခံတံတား အမှတ် ၁ မှ ၃ အထိ
ဗိုလ်အောင်ကျော်ဆိပ်ခံတားသည် ပို့ဆောင်ရေး ၀န်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏
စီမံခန့်ခွဲမှုအောက်တွင်ရှိခဲ့ပြီး ဆိပ်ကမ်းတံတား အရှည်မှာ ၄၅၇ မီတာရှိသည်။ အထွေထွေကုန်စည်နှင့် ကုန်သေတ္တာများကို
ကိုင်တွယ်နေသော ဆိပ်ခံတံတားဖြစ်သည်။
- ဆူးလေဆိပ်ခံတံတား အမှတ် ၁ မှ အမှတ် ၇ အထိ
စုစုပေါင်း အရှည် မှာ မီတာ ၁၀၄၀ ဖြစ်ပြီး တန်ချိန် ၁၅၀၀၀ ရှိ
ကုန်တင်သင်္ဘောခုနစ်စင်း တစ်ပြိုင်နက်တည်း ဆိုက်ကပ်နိုင်သည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ ထီးတန်းဆန်တင် တံတားသည် အလျား ၁၃၉ မီတာရှိပြီး
လယ်ယာထွက်ကုန် များကို ကိုင်တွယ်လျက်ရှိသည်။
နန်းသီတာ ဆိပ်ခံတံတားသည် ပို့ဆောင်ရေးဝန်ကြီးဌာန ၏ စီမံခန့်ခွဲမှု
အောက်တွင်ရှိသည်။ စုစုပေါင်းအလျားမှာ ၁၄၆ ဒသမ ၃ မီတာရှိသည်။ ခရီးသည်တင်
ဆိပ်ခံတား အဖြစ်သာ သီးသန့်အသုံးချနေသည်။
ကိုးကား
- မောင်ခင်မင် (ဓနုဖြူ)
0 comments:
Post a Comment