တစိမ်.စိမ်.တွေးကြရအောင်

*  ဘ၀ကို ရှင်းရှင်းလင်းလင်း နေသွားချင်တယ်ဆိုရင် သတိလေးနဲ. နေလိုက်ပါ။ ဘ၀ဟာ ရှင်းလာပါလိမ်.မယ်။ စိတ်ရှင်းရင် ဘ၀ရှင်းတယ်။ စိတ်ရိုးရင် ဘ၀ရိုးတယ်၊ စိတ်ရှုပ်ရင် ဘ၀လည်း ရှုပ်လာမည်၊ စိတ်ဆန်းပြားရင် ဘ၀လည်း ဆန်းပြားမယ်။

* ဘ၀ကို အဓိပ္ပာယ်ရှိရှိ ကျေကျေနပ်နပ် နေချင်တယ်ဆိုရင် သက်သက်သာသာ မနေပါနဲ.၊ ကြိုးစားပါ၊ အရည်အချင်းများများထုတ်ပါ။ အရည်အချင်း များများ ထွက်လေလေ ကျေနပ်မှု ရလေလေပဲ။

*စက္ကန်.တိုင်း စက္ကန်.တိုင်း တစ်ခဏတိုင်း တစ်ခဏတိုင်းကို တန်ဖိုးထားနိုင်မှ ဘ၀ဟာ တန်ဖိုးရှိတဲ. ဘ၀ ဖြစ်မှာပါ။

*လူဟာ အများအကျိုးကို ဆောင်ရွက်မှလည်းပဲ ကိုယ်.ဘ၀ကို  ကိုယ်ကျေနပ်မှု ရနိုင်မယ်။ 

*ဘ၀မှာ တိုးတက်မှုမရှိရင် ဆုတ်ယုတ်နေတယ်၊ တန်.မနေဘူး။ 

*အရိုးသားဆုံးနည်းနဲ. အခက်ခဲတွေကို ဖြေရှင်းနိုင်တဲ.သူ ဖြစ်လာရင် ပိုပြီးရင်.ကျက်တဲ.သူ မြင်.မြတ်တဲ.သူ ဖြစ်လာလို. ကိုယ်.ဘ၀ကို ပိုပြီး ကျေနပ်အားရတယ်။

*ကိုယ်.ကို သူများ ဘယ်လိုမြင်တယ်ဆိုတာ တစ်ခုထဲ ကြည်.ပြီး တန်ဖိုးဖြတ်မယ်ဆိုရင် ကိုယ်.ဘ၀ဟာ ကိုယ်ပိုင်ဘ၀ မဟုတ်တော.ဘူး။ ကိုယ်.တန်ဖိုးဟာ သူများ ပါးစပ် ဖျားမှာ ရောက်နေတော.မယ်။

*ကိုယ်.ဘ၀ ကောင်းတာ မကောင်းတာ ကိုယ်.အပေါ်မှာ မူတည်ပါတယ်။ 


*အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖေါ်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင် နေလိုက်ပါ။

*သူတစ်ပါးကို ရင်းရင်းနှီးနှီး ပွင်.ပွင်.လင်းလင်း မပြောဆို တတ်ဘူး၊ မဆက်ဆံတတ်ဘူး၊ မယုံကြည်ဘူး၊ စိတ်မချဘူး ဆိုရင် ကိုယ်.မှာ အဖေါ် မရှိတော.ဘူး။

*အပြစ်တင်တတ်တဲ.သူမှာ မိတ်ဆွေရှားတယ်။

*ဒေါသကြီးတဲ.သူလည်း အဖေါ်မဲ. နေတတ်တယ်။ ဂုဏ်တုဂုဏ်ပြိုင် စိတ်ကြောင်.၊ မနာလိုတဲ. စိတ်ကြောင်. အဖေါ်မဲ. သွားတယ်။

*ချစ်တတ် ကိုယ်ချင်းစာတတ်တဲ. သူဟာ အဖေါ်မဲ. အထီးကျန် ခံစားမှုဖြစ်တာ နဲတယ်။

* အခက်အခဲ အကျပ်အတည်းဟာ အရည်အချင်းကို ပိုပြီး ထွက်စေနိုင်တယ်၊ စိတ်နေသဘောထားကို ပိုပြီးလေးနက်၊ ရင်.ကျက်၊ မြင်.မြတ်စေနိုင်တယ်။

*တစ်ဦး သိတာကို နောက်တစ်ဦးကို မျှပေးလို. လူ.လောကကြီး ဒီလို တိုးတက်လာတယ်။


*ကိုယ်.စိတ်ကို ကိုယ်.မိတ်ဆွေ ဖြစ်အောင် လုပ်နိုင်ပြီဆိုရင် အဲဒီလူမှာ အင်မတန်မြင်.မားတဲ. စိတ်ဓါတ်  အရည်အသွေး တွေရှိလာလိမ်.မယ်။

*နေရာ တစ်ခုကို မရမက မယူချင်တဲ. သူအဖို. နေရာ ပျောက်တယ်ဆိုတာ မရှိနိုင်တော.ဘူး။

*အခုသက် သာအောင်နေရင် ရေရှည်မှာ မသက်သာဘူး။



အများကြီးတွေးလိုက်ရင် မမှတ်မိမှာဆိုးလို. နည်းနည်းခြင်းနဲ. ဖြေးဖြေးခြင်း တွေးကြရအောင်နော်။ နက်နက်နဲနဲ တွေးမှ ပိုပြီးအရသာ ရှိလိမ်.မယ်။ 

ဆရာတော် ဦးဇောတိက ၏ တစိမ်.စိမ်.တွေးမယ် စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

0 comments:

Post a Comment