Stupid Geek Tricks: How to Perform Date Calculations in Windows Calculator


Would you like to know how many days old are you today? Can you tell what will be the date 78 days from now? How many days are left till Christmas? How many days have passed since your last birthday? All these questions have their answers hidden within Windows! Curious? Keep reading to see how you can answer these questions in an instant using Windows’ built-in utility called ‘Calculator’.
No, no. This isn’t a guide to show you how to perform basic calculations on calculator. This is an application of a unique feature in the Calculator application in Windows, and the feature is called Date Calculation. Most of us don’t really use the Windows’ Calculator that much, and when we do, it’s only for an instant (to do small calculations). However, it is packed with some really interesting features, so lets go ahead and see how Date Calculation works.
To start, open Calculator by pressing the winkey, and type calcul… (it should’ve popped up by now, if not, you can type the rest of the ‘…ator’ as well just to be sure). Open it. And by the way, this date calculation function works in both Windows 7 and 8.

Once it’s open, click View, and select Date Calculation (or press Ctrl+E).

Now here’s where the fun begins.

The idea is pretty straightforward. You can perform two types of calculations here:
  • Calculating the difference between two dates
  • Adding or subtracting a number (days) to a date
Since we are messing with dates, it is easy to work with the past, present, or even future. Let’s say you want to find out your current age in terms of days, months, and years. Click the Calendar button in the From field to select your birth date. Initially, it will be showing the current date. Navigating through the calendar is easy. Click the title (Month), and it zooms back to show all the months of the year and the title is changed from Month to Year (in this case, November to 2012). Click it again to see a list of years in the current decade, and the title changes to the decade it is showing (alternatively, click the buttons on the left and right to move between years). Click the title again to show several decades.

You can use the buttons at the left and right to navigate within months, years, decades, or list of decades. Finally, to jump to the current date, click Today.
Now that you’ve learned how to navigate through the calendar, you can easily select your birth date (let’s assume it’s the 29th of February- Geeky, isn’t it?). Since we’re going to find out how old you are today, so in the To field we’ll use today’s date by clicking ‘Today’.

(Yes, the date denoted in the Today field is the date on which this post was written!)
Finally, click Calculate to get the desired result. The resulting difference will be presented in terms of years, months, and days, and simply in days as well.

Adding or subtracting a number to a specific date is a bit tedious in real life. For instance, you see this written somewhere: “43 days remaining!”, and you ask yourself “What will be the exact date after 43 days have passed”?
I’d probably tackle it this way- Lets see, if today is November 16, and this is a 30-day month, so after 40 days it will be December 26, and adding 3 to it makes 29th December. But what day will it be? Well, maybe we should try a different approach instead. Fire up calculator, click the drop down and select “Add or subtract days to a specified date”.

Now there’s just one date field in which we have to specify the date to (or from) which you want to add (or subtract) a particular number. Once the date is set, select whether we want to add or subtract something. We’ll try addition first. Select Add, and enter the number of days (or months/years) to be added to the specified date, and press the Calculate button.

So it will be Saturday on 29th December, 2012.
You can also specify how many days, months, or even years are to be added or subtracted from the set date.  Once you’ve entered the information, click Calculate and you’ll be presented with the resulting day and date. Let’s see what the date was, 5 years, 8 months and 80 days ago today.

And here’s a fun fact. You won’t be able to use the calculator itself, unless you turn it on by clicking its ‘screen’ (just in case you want to convert days to weeks, or do any other calculation).

What interesting date calculations can you come up with? Let us know in the comments!

ကွန်ပျူတာကြောင့်ဖြစ်သောမျက်စိဝေဒနာ




ယခုခေတ်တွင် ကွန်ပျူတာအကြည့်များလာသည်နှင့်အမျှ
(၁) Eye Strain (မျက်စိညောင်းခြင်း)
(၂)Eye Strain(မျက်ရည်ခန်းခြောက်
ခြင်း)များ ဖြစ်လာကြပါသည်။ ထိုသို့မဖြစ်ရန် အောက်ပါအချက်များကိုနားလည်ထားရပါသည်။
၁။ မျက်စိသည်မှန်ဘီလူး(Lens) တစ်ခုဖြစ်သည်။+၆၀.ဝDioptresရှိသည်။Lens ၏င်္Function မှာ
အမြင်ရရန် ဖြစ်သည်။Lens ဖြစ်၍ကြည့်သော အရာဝတ္ထုသည်ဆုံချက်(Focus) တွင်ရှိရမည်။ ထို့ကြောင့်
Computer Monitor ကို မျက်စိ၏ဆုံချက်တွင် ရှိရန်ထားရှိရပါမည်။Monitor သည် ဆုံချက်တွင်ရှိ၊ မရှိသိ
နိုင်ရန် Monitor နှင့်မျက်စိအကွာအဝေးကိုရှေ့တိုး၊နောက်ဆုတ်ပြုလုပ်ချိန်ရပါမည်။ မျက်လုံး၏ဆုံချက်တွင်
ကြည့်သောအရာဝတ္ထုကျရောက်ပါကကြည်လင်ပြတ်သားမှုပို၍ရှိမည်ဖြစ်ပါသဖြင့်မျက်စိအညောင်းသက်သာမည်ဖြစ်ပါသည်။
၂။ ထိုသို့ မျက်စိနှင့် ဆုံချက်ကျအောင်ပြုလုပ်ပြီးသောအခါ မျက်ခွံကို မကြာခဏခတ်၍Computer ကြည့်သင့်ပါသည်။Computer Monitorကိုကြည့်ခြင်းနှင့် စာအုပ်ဖတ်ခြင်းမတူပါ။ Computer Monitor ကြည့်ခြင်းသည် စာအုပ်ဖတ်ခြင်းထက်Contrast နည်း၍ အားပိုစိုက်ရသောကြောင့် Staring Gaze ဖြင့်ကြည့်ရသဖြင့်မျက်ကြည်လွှာ(Cornea)ပ်ါရှိမျက်ရည်လွှာ(Tear Film) အငွေ့ပျံခြင်း (Evaporation)ပို၍ များပြီးမျက်ရည် ခန်းခြောက်ခြင်းပိုဖြစ်လာပြီးမျက်စိ၏ အမြင်ခံစားမှု (OpticalResolution) သည် Computerကြည့်ချိန်ကြာသည်နှင့်အမျှပို၍နည်းလာပါသည်။ထို့ကြောင့် Computerကြည့်ချိန်တွင်မျက်ခွံမကြာခဏခတ်ခြင်း(Blin king) လုပ်ပေးရပါမည်။
၃။မျက်စိသည်အဝေးရှိရာအရာဝတ္ထုများကိုကြည့်သောအခါအလင်းတန်းများသည်မျဉ်းပြိုင်ဖြစ်နေ၍ကြည့်ရသည်
မှာသက်တောင့်သက်သာရှိပါသည်။အနီးကိုကြည့်သောအခါအလင်းတန်းများသည်အနီးရှိအရာဝတ္ထုကိုစုစည်း၍
ကြည့်ရသဖြင့်မျက်စိကြွက်သားကို ပို၍အလုပ်လုပ်ရပါသည်။ ထိုသို့အနီးကိုကြည့်နိုင်သောစွမ်းရည် (၂၀)မိနစ်မှ(၃၀)မိနစ်သာရှိသည်။ထို့ကြောင့်Computerကိုဆက်တိုက်နာရီဝက်ထက်ပို၍မကြည့်သင့်ပါ။
နာရီဝက်ပြည့်တိုင်း(၁)မိနစ်ခန့်နားရပါမည်။IntermittentRelaxationဖြစ်ပါသည်။ဖြစ်နိုင်ပါကမျက်စိမှိတ်၍ နားလျှင်ပို၍ကောင်းပါသည်။ဤအထက်ပါအချက်(၃)ချက်ကိုဂရုစိုက်၍လိုက်နာခြင်းဖြင့်Computer ကြာင့်ဖြစ်သောမျက်စိညောင်းညာမှုကိုသက်သာစေပြီးComputerဖြင့်အလုပ်လုပ်ရာတွင်ပို၍အထောက်
အကူပြုနိုင်မည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

ဒေါက်တာဦီးတင်ဝင်း
(ရန်ကုန်မျက်စိဆေးရုံကြီး)

ဆုံးမစာများ







ဆရာကံချွန်၏ မှတ်သားသင်.သောဆုံးမစကားများ


၁။လူ့ဘဝမှာ မကြုံကြိုက်သင့်ဆုံး အရာဟာ "နောင်တ"ပါ။

မလုပ်သင့်ဆုံး အရာဟာ "အမှား"ပါ။

မရှိသင့်ဆုံး အရာဟာ "မကောင်းမှု"ပါ။


၂။"မရှိကို အရှိမလုပ်မိပါစေနဲ့။

အရည်အချင်းဆိုတာ ကိုယ့်မရှိဘဲနဲ့ သူများဆီက ငှါးထားလို့ မရပါဘူး။"


၃။"လောကကြီးမှာ ရိုးသားလို့ အထင်သေးခံရတယ် ဆိုတာ မရှိပါဘူး။

မရိုးသားလို့ အထင်သေးခံရတယ်ပဲ ရှိပါတယ်။"


၎။"စိတ်မထိန်းနိုင်လို့ ပြောမိတဲ့ စကားတစ်ခွန်းကြောင့် မိတ်ဆွေစစ်တွေ ဆုံးရှုံးရတာ၊

အခွင့်အရေးတွေ ဆုံးရှုံးရတာ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ အများကြီး ရှိပါတယ်။

ဒီလိုပဲ စိတ်ကို ထိန်းနိုင်လို့ အောင်မြင်မှု ရတာတွေလည်း အများကြီးပါဘဲ။

စိတ်ကို ထိန်းနိုင်တဲ့လူဟာ လောကဓံ တရားကို ဣနြေ္ဒရရ ရင်ဆိုင်နိုင်ပါတယ်။"


၅။"မပိုင်ဆိုင်ရသေးတာကို ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ

ပိုင်ဆိုင်ပြီးသားတွေရဲ့ တန်ဖိုးကို မမေ့ဖို့ပါဘဲ။"


၆။"ကောင်းတဲ့ အလုပ်လုပ်တယ်ဆိုတာ အဖော်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ လုပ်ရမှာဗျ။

သူများ လုပ်ခြင်း မလုပ်ခြင်းဟာ ကိုယ်နဲ့ မဆိုင်ဘူး။

ပြီးတော့ ကောင်းတဲ့ အလုပ်ကို သူများ မလုပ်တာနဲ့ ကိုယ်ပါ မလုပ်ဘူးဆိုရင်

ကိုယ် အသိညဏ် နည်းတာပဲ။"


၇။"ပြိုင်ဘီး မဝယ်နိုင်လို့ မစီးနိုင်လို့ စက်ဘီးပြိုင်ပွဲ မဝင်နိုင်ရင်

ကိုယ့်မှာ ခြေထောက် ပါတာပဲ။

အပြေးပြိုင်ပွဲ ဝင်လို့ရတယ်ကွ။

ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံလို့ အားငယ်စိတ်၊ သိမ်ငယ်စိတ် မရှိစေရဘူး။"

ဆွေးနွေးခြင်းနဲ.ငြင်းခုံခြင်း






ဆွေးနွေးခြင်းဟာ   ငြင်းခုံခြင်းထက် အမြဲတမ်းပို
၍ ကောင်းမွန်ပါသည်။

ဘာကြောင်.လည်းဆိုတော. ?

ငြင်းခုံခြင်းဟာ--  ငြင်းခုံနေတဲ.သူတွေထည်းမှ
ဘယ်သူမှန်သလည်းဆိုတာကို ရှာဖွေပြီးး
ရလဒ်မှာမူ တစ်ဦးတည်းအတွက်သာဖြစ်သည်။

ဆွေးနွေးခြင်းကတော.   ---မှန်ကန်တဲ.အချက်ကို 
ဆွေးနွေးတဲ.သူတွေက ပူးပေါင်းဖော်ထုတ်ကြ
ကာ ရလဒ်မှာမူ  နှစ်ဦးစလုံး  ခံစားနိုင်ကြပါသည်။

အရောင်များကပြောပြမည်. သင် နှင့်  သင်.ချစ်သူအကြောင်း




 ပထမဆုံး သင်.အကြောင်းကို အရင်ဖတ်နော်။ ကိုယ်ဘာအရောင်ကြိုက်တတ်လည်းဆိုတာ တော. သိမှာပါ။ပြီးမှ ချစ်သူကြိုက်တဲ.အရောင်ကို မေးပြီး ဖတ်ကြည်.။ 


သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။



သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။



သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။



သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။



သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။



သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။



သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။



သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..

အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။


စာအုပ်ဆိုတာဘာလဲ (သို.) စာအုပ်အမျိုးအစားများ




  ပညာရှိတစ်ယောက်၊ စာရေးဆရာတစ်ယောက်က ရိုးသားစွာနဲ့ စေတနာရှိစွာ ရေးသားထားတဲ့ စာပုဒ်ဟာ စာအုပ်တစ်အုပ်ပဲ။ စာအုပ်တွေထဲမှာ မကောင်းတာတွေ၊ အပေါ်ယံကျတာတွေ၊ ကရော်ကမည် ရေးထားတာတွေ၊ ဟန်လုပ်ရေးထားတာတွေ ပါကောင်းပါနိုင်တယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်စွာ ဖတ်တတ်လို့ရှိရင် အဲဒီအထဲမှာ ကောင်းမွန်တဲ့ အပိုင်းအစတွေ တွေ့လိမ့်မယ်။ အဲဒီ အပိုင်းအစတွေဟာ စာအုပ်ပဲ။
စာအုပ်အမျိုးအစား အားလုံးကို ခွဲကြည့်လိုက်ရင် နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ခုလောလောဆယ် ဖတ်ရမယ့် စာအုပ်၊ ခု နာရီပိုင်းသာခံတဲ့ စာအုပ် ဖြစ်တယ်။ နောက်တစ်မျိုးကတော့ ရေရှည်ဖတ်ရမယ့် စာအုပ်၊ ခေတ်တိုင်း ခေတ်တိုင်း ခံတဲ့ စာအုပ် ဖြစ်ပါတယ်။ နာရီပိုင်းသာ ခံတဲ့စာ၊ ခုချက်ချင်းဖတ်ရမယ့် စာပေဆိုတာကတော့ ဗဟုသုတကိုပေးတဲ့ စာတွေ ဖြစ်ပါတယ်။ သတင်းစာတို့၊ ဂျာနယ်တို့ဟာ တစ်နေ့လုံး ဖတ်ရမယ့် စာတွေ မဟုတ်ဘူး။ မနက်ပိုင်း ဖတ်လိုက်ရင် ကုန်သွားတာပဲ။ ခေတ်တိုင်း ခံတဲ့ စာဆိုတာကတော့ ခံစားချက်၊ အတွေးအခေါ်ကို လှုံဆော်ပေးတဲ့ စာဖြစ်ပါတယ်။
ဒီစာအုပ် အမျိုးအစားနှစ်ခုကို ရပ်စကင်းက နောက်တစ်နည်း ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်နဲ့ အသံကို ထိန်းသိမ်းထားတဲ့ စာအုပ်လို ပြောပါသေးတယ်။ အသံကို ပွားစေတဲ့ စာအုပ်ဆိုတာ လူပေါင်းများစွာကို တစ်ခါတည်း မပြောနိုင်တဲ့အတွက်၊ တစ်နေရာတည်းမှာ ပြောလို့ မရတဲ့အတွက် ကူးယူပုံနှိပ်ပြီး ပြောရတာ။ တိုင်းမဂ္ဂဇင်းတို့၊ ဘာတို့ဆိုတဲ့ သတင်းမဂ္ဂဇင်းတွေဟာ တစ်ချိန်တည်း၊ တစ်နေရာတည်းမှာ ပြောလို့မရတဲ့အတွက် အဲဒီထဲမှာပါတဲ့ သတင်းတွေကို ပွားပြီး၊ ကူးယူပြီး ဖြန့်ဝေရတယ်။ ဒါကြောင့်မို့ အသံကို ပွားစေတဲ့ စာအုပ်လို့ ရပ်စကင်းက ခေါ်ပါတယ်။ အသံကို ထိန်းသိမ်းပေးတယ်ဆိုတဲ့ စာအုပ်ကတော့ အတွေးအခေါ်များ၊ အဆိုအမိန့်များ၊ ခံစားချက်များကို နောင်မှာ ပျောက်ကွယ်မသွားအောင် နောင်လာနောင်သားတွေ မှတ်နိုင်ဖတ်နိုင်အောင် ထိန်းသိမ်းထားတဲ့ စာအုပ်တွေပါ။
ဒီနှစ်မျိုးကိုပဲ ရပ်စကင်းက နောက်တစ်နည်း ထပ်ပြောပါသေးတယ်။ စကားပြောထားတဲ့ စာအုပ်နဲ့ စာရေးထားတဲ့ စာအုပ်လို့ သူက ခေါ်ပါတယ်။ စကားပြောထားတဲ့ စာအုပ်ဆိုတာ မနှစ်က ဒီနေရာမှာ ဘယ်လို ရာသီဥတု ရှိခဲ့တယ်။ လမ်းပန်းက ဘယ်လို ရှိတယ်။ စားသောက်ဆိုင်က ဘယ်နှစ်ဆိုင် ရှိတယ်။ ဘယ်နားမှာ ဘယ်ဘုရားရှိတယ်ဆိုတဲ့ စာမျိုးတွေပါ။ သူတို့ အဲဒီလို စာတွေကို ဘယ်လောက်ပဲ လှပခန့်ညားတဲ့ သားရေဖုံးကြီးတွေနဲ့ ချုပ်ထားသည် ဖြစ်စေ၊ အဲဒီစာအုပ်ဟာ တကယ့် စာအုပ်မဟုတ်ဘူး။ ပြောပြထားတဲ့ စာအုပ်ဖြစ်တယ်။ တကယ့်စာအုပ်ကတော့ ရေးပြထားတဲ့စာအုပ်၊ ဖတ်ပြီး သိရုံ ရေးထားတဲ့ အရာမဟုတ်ဘဲ ဖတ်ပြီး ခံစားရအောင် ရေးထားတဲ့ စာအုပ်လို့ ပြောတယ်။
သုတစာပေနဲ့ ရသစာပေကို ပြောတာပါပဲ။ ဒီတော့ စာအုပ်ဟာ အမျိုးအစားခွဲလိုက်ရင် နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ရေတိုခံတဲ့စာအုပ်နဲ့ နောက်တစ်မျိုးက ရေရှည်ခံတဲ့စာအုပ်၊ တစ်နည်းပြောရရင် သုတစာအုပ်နဲ့ ရသစာအုပ်။ ဒါပါပဲ။
ဒီနေရာမှာ ရေတိုခံတဲ့ စာအုပ်ဟာ မကောင်းဘူး။ ရေရှည်ခံတဲ့ စာအုပ်မှ ကောင်းတယ်လို့ အဆိုးအကောင်း ပြောတာ မဟုတ်ဘူး။ နှစ်မျိုးစလုံးဟာ စာကောင်းချည်းပဲ။ ဒါပေမယ့် တစ်မျိုးက ရေတိုအတွက် ဖတ်တာ။ သုတအတွက် ဖတ်တာ။ နောက်တစ်မျိုးက ရေရှည်အတွက် ဖတ်တာ၊ ရသအတွက် ဖတ်တာ။

ဆရာမြသန်းတင့်


မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ



အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ  ပြန်လည်မျှဝေလိုက်ရပါသည်။


မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။
ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

မြန်မာအက္ခရာဆိုရာမှာ ဗျည်းရော၊ သရရော ပါဝင်ပါတယ်။ ဗျည်းတွေကို အမည်ပေးပုံက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘယ်တုန်းကစပြီး ကကြီး-ခခွေး-ဂငယ်-ဃကြီး-စတဲ့အမည်တွေ ပေးတာလဲလို့ စဉ်းစားကြည့်ရင် မြန်မာအက္ခရာတွေကို ပေရွက်ပေါ်မှာ ကညစ်နဲ့ အ၀ိုင်းပုံရေးတော့မှ ဖြစ်လိမ့်မယ်လို့ ဆိုချင်ပါတယ်။ ကျောက်စာ စရေးထိုးတဲ့ ပုဂံခေတ်တုန်းကတော့ ခုလို ၀ိုင်းဝိုင်းစက်စက် မဟုတ်ကြောင်း ပုဂံကျောက်စာတွေကိုကြည့်ရင် သိနိုင်ပါတယ်။ အဲဒီတုန်းက ကျောက်ပေါ်မှာ ဆောက်တို့၊ ဘာတို့နဲ့ ထွင်းရတာမို့ လေးထောင့်ပုံတွေ ထွင်းတယ်၊ မ၀ိုင်းသေးဘူး။
ဝ-၀ကလေး ၀ိုင်းဝိုင်းရေး-လို့ ပြောလို့မရသေးဘူး။
ပေပေါ်မှာရေးတော့ လေးထောင့်ရေးရင် အဆင်မပြေဘူး။ ပေရွက်အကြောတွေ စုတ်ပြတ်နိုင်တယ်။ အ၀ိုင်းရေးတော့ ပိုအဆင်ပြေတယ်။ အဲဒီလိုအ၀ိုင်းရေးတဲ့ခေတ်ရောက်မှ ဗျည်းတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး အမည်ပေးတာပါ။ ဒီတော့ မြန်မာဗျည်းတွေဟာ မ၀ိုင်းခင်တုန်းက ကကြီး-ခခွေး စတဲ့ အမည်တွေ မရသေးဘဲ က-ခ-လို့ပဲ ခေါ်လိမ့်မယ်ထင်တယ်။
ဗျည်းတွေကို အမည်ပေးရာမှာ ဂုဏ်အရည်အသွေးအရ အမည်ပေးတာရော၊ ပုံသဏ္ဍာန်အရ အမည်ပေးတာရော တွေ့ရတယ်။ ကကြီး၊ ဃကြီး၊ ဏကြီး၊ ဠကြီး ဆိုတဲ့ အက္ခရာလေးလုံးကို ကြီးလေးလုံး-လို့ခေါ်ကြတယ်။ အဲ ဃကြီး၊ ဏကြီး၊ ဠကြီးတို့မှာတော့ ဂငယ်၊ နငယ်၊ လ(ငယ်) ဆိုတဲ့ အတွဲတွေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အကြီးအငယ်ခွဲပြီး အငယ်တွေထက် အရွယ်ပမာဏကြီးတဲ့ အက္ခရာတွေကို ကြီး-ထည့်ပြီး ခေါ်ကြတာပေါ့။
ကကြီးကျတော့ ကငယ် မရှိဘဲ ဘာဖြစ်လို့ ကကြီးလို့ခေါ်ရသလဲလို့ မေးစရာပေါ့။ ဗျည်း ၃၃-လုံးမှာ ရှေ့ဆုံးက ခေါင်းဆောင်ဗျည်းဖြစ်လို့ ကကြီးလို့ ခေါ်တယ်လို့လည်း ယူဆကြတယ်။ ၃၃-လုံးမှာ အကြီးဆုံးပေါ့။ ပုံသဏ္ဍာန်က ဂငယ်ထက် ၂-ဆ ကြီးနေလို့ ကကြီးလို့ခေါ်တယ်လို့လည်း ဆိုကြတယ်။
ပုံသဏ္ဍာန်အရ အမည်ပေးတဲ့ဗျည်းတွေကို ကြည့်ပါ။


ခွေခွေကလေးနေလို့ ခ-ခွေး၊
လုံးလုံးကလေး နေလို့ စ-လုံး၊
လိမ်ခွေနေလို့ ဆ-လိမ်၊
အောက်ကွဲနေလို့ ဇ-ကွဲ၊
ဘေးကမျဉ်းဆွဲထားလို့ ဈ-မျဉ်းဆွဲ၊
ရင်ကလေးကောက်နေလို့ ဍ-ရင်ကောက်၊
ဝမ်းပူနေလို့ တ-၀မ်းပူ၊
အငယ်အထွေးလေးဖြစ်လို့ ဒ-ဒွေး (ဒထွေး)၊
အောက်ပိုင်းကခြိုက်(ချိုင့်) နေလို့ ဓ-အောက်ခြိုက်၊
မတ်မတ်စောက်စောက်ရှိလို့ ပ-စောက်၊
အထက်ပိုင်းကခြိုက်(ချိုင့်)နေလို့ ဗ-ထက်ခြိုက်၊
ကုန်းနေလို့ ဘ-ကုန်း၊
ပက်လက်လန်နေလို့ ယ-ပက်လက်၊
အဖျားက ကောက်နေလို့ ရ-ကောက်-ဆိုပြီး ပုံသဏ္ဍာန်အရ အမည်ပေးတာ တွေ့နိုင်ပါတယ်။

အက္ခရာတချို့ရဲ့ အမည်တွေက ပုံသဏ္ဍာန်ကို ရိုးရိုးဖော်ပြတာမဟုတ်ဘဲ ပုံသဏ္ဍာန်တူတဲ့ အရာဝတ္ထုတွေနဲ့ ခိုင်းနှိုင်းအမည်ပေးတာဖြစ်ပါတယ်။ ရှေးကသုံးတဲ့ သံလျင်းလို့ခေါ်တဲ့ ထမ်းစင်မှာပါတဲ့ ချိတ်လေးကို ကောက်ကောက်ကလေးမို့ ဋ-သံလျင်းချိတ်၊
ဝမ်းဘဲနဲ့တူလို့ ဌ-၀မ်းဘဲ၊
ရေမှုတ်နဲ့တူလို့ ဎ-ရေမှုတ်၊
ဆင်ရဲ့ခြေထောက်ကို ခတ်ရတဲ့ ထူးလိုအကွင်း ၂-ကွင်းပါလို့ ထ-ဆင်ထူးလို့ ခေါ်ကြောင်း တွေ့နိုင်ပါတယ်။

င-မ-၀-သ-ဟ တို့ကိုတော့ အမည်မပေးတာ တွေ့ရပါတယ်။
ည-ယ-လ တို့ကိုတော့ သာမန်အားဖြင့် အမည် မပေးပေမယ့် လိုအပ်တဲ့အခါ ညကြီး၊ ယပက်လက်၊ လ(ငယ်)လို့ အမည်ပေးပါတယ်။
ဉ ကို ဉ ကလေး၊ ည ကို ညကြီးလို့ ခွဲခြားခေါ်ပါတယ်။
မြန်မာဗျည်း ၃၃-လုံးမှာ ည(ညကြီး) ပဲပါတယ်။ ဉ (ဉ ကလေး) ကိုတော့ အသတ်အက္ခရာအဖြစ်ပဲ သုံးတယ်။
သံယောဇဉ်တို့၊ ၀ိညာဉ်တို့၊ အစဉ်အမြဲ-တို့မှာ သုံးသလိုပေါ့။ ဒီနေရာမှာ ပါဠိဘာသာမှာသုံးတဲ့ ညနဲ့ မြန်မာဘာသာမှာသုံးတဲ့ ညကို ခွဲခြားမှတ်ရမယ်။

ပါဠိဗျည်း ၃၃-လုံးမှာ ည မသုံးဘူး။ ဉ ပဲသုံးတယ်။
ဒါကြောင့် ပုည ကို ပုဉ်+ဉ လို့ အသံထွက်ရတာပေါ့။ ရှေ့က ညကို အသတ်အသံထွက်ရတယ်။ /ပုန်+ညာ့/လို့ အသံထွက်ရတာပေါ့။
ဒီလိုပဲ ပညာ/ပဉ်+ဉာ/ပျင်ညာ။ သုည/သုဉ်+ဉ /သုန်ညာ့၊ လို့ အသံထွက်ရတယ်။ အချုပ်အားဖြင့် ပါဠိမှာ ညဟာ ဉ ၂-လုံးတွဲဖြစ်တယ်။ ဉ ရော၊ ညရော သုံးတယ်။
မြန်မာမှာတော့ ညကြီး ဉ ကလေးလို့ ခွဲသုံးတယ်။ ဗျည်း ၃၃-လုံးမှာ ညကြီးသုံးပြီး အသတ်မှာ ဉ သုံးတယ်လို့ ခွဲခြားမှတ်သားနိုင်ပါတယ်။

မြန်မာစာမှာ ဉ နဲ့ ဥနဲ့ ရောထွေးတတ်တယ်။ ဉ (ဉ ကလေး) က ခြေထောက် ရှည်တယ်။
ဥ (ဘဲဥ၊ ကြက်ဥ-မှာပါတဲ့ အက္ခရာ ဥ) က ခြေထောက် တိုတယ်။
ယပက်လက်ကို ရကောက်နဲ့ ယှဉ်ပြီး ယပက်လက်လို့ ခွဲခြားခေါ်တယ်။
ရှေ့က ရကို ရကြီး၊ ယကို ယငယ်လို့လည်း ခွဲခေါ်သေးတယ်။ ရကြီးနဲ့ ရငယ်ပေါ့။
လကိုလည်း ဠနဲ့ ယှဉ်ပြီး လငယ်လို့ ခေါ်နိုင်ပါတယ်။
အက္ခရာအမည်တွေနဲ့ပတ်သက်ပြီး ပြောစရာတခုက ဓအောက်ခြိုက်ကို အောက်ကချိုင့်နေလို့ ဓအောက်ခြိုက် ခေါ်တယ်ပြောပြီး ရေးတော့ အောက်က မချိုင့်ပါလားလို့ မေးစရာရှိတယ်။ ပုဂံခေတ် ကျောက်စာတွေမှာ စရေးတုန်းက ဓဟာ အခုလို အောက်က ပိတ်မနေဘူး။ ဗ စောက်ထိုးရေးသလို အောက်ကချိုင့်နေတယ်။ ( ဗထက်ခြိုက် ပြောင်းပြန်ပုံစံမျိုးပေါ့။)
ဈ (ဈမျဉ်းဆွဲ) ကို စလုံးယပင့်-ဆိုပြီး မှားသင်တဲ့ ဆရာမကလေးတွေ ရှိတယ်လို့ ကြားရတယ်။ ဈ ဟာ မူလအက္ခရာမှာ သီခြားပုံသဏ္ဍာန် ရှိပါတယ်။ စလုံးကို ယပင့်ထားတာ မဟုတ်ပါဘူး။ ဘေးက မျဉ်းဆွဲထားလို့ ဈမျဉ်းဆွဲ ခေါ်တယ်လို့ မှတ်သင့်ပါတယ်။ ကဲ ဒီလောက်ဆိုရင် ပြည့်စုံပြီထင်ပါတယ်။


ကိုးကား ။ ။
မောင်ခင်မင် (ဓနုဖြူ)
(မင်္ဂလာမောင်မယ် ၂၀၁၀-ဒီဇင်္ဘာလ) 


ချစ်သူများနေ့သမိုင်း

ဖေဖော်ဝါရီလများရောက်လေတိုင်း နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနဲ့ အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နဲ့ အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါတယ်။ သို့ပေမယ့် St. Valentine ဆိုတဲ့ ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါတယ်။

ပါးစပ်ရာဇ၀င် အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine's Day အကြောင်း ပြန်ပြောင်းပြောပြရမယ်ဆိုရင် သူတော်စင်အကြီးအကဲကြီး St. Valentine အကြောင်း တိမ်မြှုပ်နေတဲ့ ပဟေဠိတွေ ကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါမယ်။ ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါတယ်။ ယနေ့ခေတ် ယနေ့အခါ နားလည်ထားကြတဲ့ St. Valentine Day ဟာဆိုရင် ရှေးခေတ် ရောမရိုးရာနဲ့ ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခုဖြစ်ပါတယ်။ ဒီလိုဆိုတော့ စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ St. Valentine နဲ့ ဘာသာရေးပွဲတွေ ဘယ်လို ဆက်စပ်မှုရှိတယ်ဆိုတာပါပဲ။

ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက်ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။

နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။

ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆအမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြောစကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

လူအချို့ရဲ့ ယုံကြည်မှုအရာ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော်တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွားကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ်များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။

အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန်မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့်တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။

Great Britain မှာ့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများအတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြားများ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။

Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း.....


အချစ်နဲ့ ပတ်သက်လာရင်


ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ် လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက
အကောင်းဆုံးဖြစ်တယ်။ ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။ ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။ အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။ အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။ လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။ အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
ဘဝဖော်ဆိုတာ
ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ
မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ
မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။ ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ မျှဝေပေးသူဖြစ်တယ်။
ဂတိနဲ့ပတ်သက်ရင်
ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။ ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့်လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့ ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။ အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။


လူ့ဘဝနဲ့ ပတ်သက်ရင်
ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။
အတိတ်ကိုပြန် မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက
လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာပျောက်သွားနိုင်တယ်။


မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။
ကိုယ့်အတွက် သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက် နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး တန်ဖိုးထားနည်းပဲဖြစ်တယ်"

သူငယ်ချင်းနဲ့ပတ်သက်ရင်
တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

"လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"
ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။
"ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို
သုတ်ပေးသူဖြစ်တယ်"

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို
ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊
သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။ စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။ ဖျားနာချိန်
ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။ အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။ မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။ ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း" ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။

ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်
နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။ မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။ အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။ ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။

အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။

မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။ အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ် နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်
ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို လူတချို့က များများကောက်တွေ့တယ်။ တချို့က နည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။ လက်ရှိအခြေအနေကို တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင် ပျော်ရွှင်ခြင်းက ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။

လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ
နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က
သေဆုံးချိန်မှ လက်လွတ်ကြရတယ်။

အချစ် ၊ လက်ထက်ခြင်း ၊ တိတ်တိတ်ပုန်း၊ ဘဝ

ပလေတို နဲ့ ဆိုကရေးတီး

တစ်နေ့မှာ "ပလေတို" က ဆရာဖြစ်သူ "ဆိုကရေတီး" ကို အချစ်ဆိုတာ ဘာလဲလို့
မေးသတဲ့။ ဆိုကရေတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း
တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး
ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့
ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ
ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။
ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော်
တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ
ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့
အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း
သတိထားမိတော့တယ်" လို့ ပြောတော့ ဆိုကရေတီးက "အဲတာ အချစ်" လို့
ပြောပြခဲ့တယ်။
တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဆိုကရေတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း
တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့
အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင်
ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့
အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့
ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့ "တစ်ပင်ပဲ
ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း
မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ
ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ
ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ" လို့ ပြန်တော့ ဆိုကရေတီးက "အဲတာ
လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့
မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေတီးက ပလေတိုကို တောထဲတစ်ခေါက်
လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်
လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို
ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ
နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့
ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီးက မေးတော့ "၂နာရီနီးပါး
ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး
ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့
ပြောတော့ ဆိုကရေတီးက "အဲတာ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။
ဆိုကရေတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး
သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက်
သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီးက လိုက်ရှာတော့
တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို
ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ
သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို
ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။
ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီးက
ပလေတိုကို ပြောခဲ့တယ်။

LOVE ????( အချစ်ရဲ့ အဓိပ္ပာယ် တဲ့)

LOVE =???

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။


လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း
သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။

> > > > > > > > >

သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
  . မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။ ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။ ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့
ဝန်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့်
ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။ ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊
ဒီဒုက္ခတွေက ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။
အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

ရာသီဖွားများရဲ့ ချစ်ခြင်းမေတ္တာ

ပြိဿ ရာသီဖွား Taurus (21 April-21 May)

ပြိဿ ရာသီဖွား တို့သည် သံယောဇဉ်ကြီးသည်။ အချော့ကြိုက်၊ အပျော့ကြိုက်များဖြစ်သည်။ ချစ်ခဲသည်။အချစ်မြဲသည်။ ကိုယ်တိုင်ဆုံးဖြတ်ချက် ကို ဦးစားပေးသည်။ အချစ်အတွက် ဆိုလျှင် ပတ်ဝန်းကျင်နှင့် သော်၎င်း၊မိသားစုနှင့် သော်၎င်း၊ ဆန့်ကျင်ရန် ၀န်မလေး၊ သစ္စာ ရှိသူကိုလိုလားသည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာ သစ္စာတရားရှိမှ ခိုင်မြဲသည်။ ပြီးပြည့်စုံသည်ဟု ခံယူထားသူများ ဖြစ်သည်။ ထိုရာသီဖွားတို့သည် ဆံပင်ထူထူ၊ အရပ်သွယ်သွယ်၊ နှာတံပေါ် ပြီး နှုတ်ခမ်းလှကာ နှာခေါင်းဘေး (သို့) ပါးတွင် မှဲ့ပါသူ နှင့် ဖူးစာဆုံမည်။

မိသရာသီဖွာ:များ Aries (21 March-20 Aprll)

မိဿ ရာသီဖွားတို့သည် အပြင်ပန်းအသွင်အပြင်တွင် ကြမ်းတမ်းသည်ဟု ထင်ရလင့်ကစား အတွင်းစိတ်သဘောမှာ နှုးညံ့ကြသူများ ဖြစ်သည်။ မေတ္တာရေးတွင် ရယူခြင်းထက် ပေးဆပ်မှုကို လိုလားသူဖြစ်သည်။ သံယောဇဉ်တနွယ်နွယ် ဖြစ်တတ်သည်။ စိတ်သဘောထား ကြီးမြှင့်သည်။
ထို့ ပြင် သနားချစ်၊ အားနာချစ် ကိုလည်းဦးစား ပေးတတ်သည်။ ထိုရာသီဖွားတို့သည် ပညာအတတ် ပြီးစိတ်ကောင်းရှိသောလည်းဘုခွ ပြောတတ်သော ပျော်ပျော်နေတတ်သည့်သူနှင့် ဖူးစာဆုံမည်။

မိန်ရာသီဖွား Pisces (20 February-20 March)

မိန်ရာသီဖွားတို့သည် အလွန်အေးချမ်းမြင့်မြတ်သော နှလုံးသာပိုင်ရှင် ဖြစ်သည်။ လွန်လွန်ကဲကဲ သံယောဇဉ် ကြီး၍ တစ်ပါးသူအပေါ် နားလည်ခွင့်လွတ်တတ်သော သူဖြစ်သည်။အခိုင်အမာဆုံးဖြတ် ၍ လေးလေးနက်နက်ချစ်တတ်သောသူဖြစ်သည်။ အရှက်အကြောက်ကြီးခြင်း၊ တစ်ပါးသူက ဝေဖန်မည်ကို စိုးရိမ်ခြင်းကြောင့် အမှန်တကယ် ချစ်သူအပေါ် ဖွင့်မပြောရဲ၊ လက်မတွဲ ရဲတတ်ခြင်းသည် ပကတိအားနည်းချက်ဖြစ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်အေးချမ်ပြီး ဥာဏ်ပညာရှိသော ဆံပင်ထူပွပွ၊ သွားစွယ်၊ သွားတက်ရှိသောသူနှင့် ဖူးစာဆုံမည်။

ကုမ်ရာသီဖွား Aquarius (20 Jaunary -19 February)

ကုမ်ရာသီဖွားတို့သည် အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်း များကြောင့် နှလုံးသားရေးရာတွင် ချစ်ဒုက္ခ ကြုံတတ်သည်။ သန်စင်သော နှလုံးသားနှင့် တစ်ပါးသူအပေါ်မေတ္တာထားလင့်ကစား ကံဇာတ်ဆရာ မှ မိမိအား အလွမ်း၊ အဆွေးသမားဖြစ်အောင် ဖန်တီးမည်။သူအပေါ် အနိုင်မယူ၊ အခွင့်အရေး မယူ မိမိကသာ အနစ်နာခံတတ်သည်။ ရံဖန်ရံခါတွင် လက်တွေ့ထက် စိတ်ကူးယဉ်မှုဘက်ရောက်သွားတတ်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုဖန် လှပတင့်တယ် ၍ မျက်ဝန်းအလွန်လှ ပြီး မျက်လုံး၊ မျက်ခုံးကောင်း နဖူးပြင်ကျယ်ပြန့်ကာ အေးချမ်းချိုသာစွာ ပြောဆိုတတ်သူနှင့် ဖူးစာဆုံမည်။



မကာရရာသီဖွား Capricorn (23 December-19 January)

မကာရရာသီဖွားတို့သည် အထီးကျန်ဆန်ကာ အားငယ်နေတတ်သည်။ အထင်လွဲမှား မှုများအပေါ် အမြဲ ဖြေရှင်းနေရတတ်သည်။သူတစ်ပါးက စိတ်မ၀င်စား ပစ်ပယ်ထားသော အထီးကျန်သမားများကို ပို၍ စာနာ၊ မေတ္တာထားတတ်သည်။ပေးဆပ်မှုကို ဦးစားပေးသူဖြစ်သည်။ ချစ်သူကို အလိုလိုက်လွန်း ၍သော် ၄င်း၊ အသာစီးပေးလွန်း ၍ သော်၎င်း၊ တစ်စုံတစ်ရာမြင့်မားလာသောအခါ ချစ်သူကပင် မိမိအားပစ်ခွာသွားခြင်းကြုံတတ်သည်။ ထိုရာသီဖွားတို့သည်…မေးရိုးပါးရိုးမြင့်သော…အသားလတ်ပြီး၊ ဆံပင် ဖြောင့်ကာ သွက်လက်သော အမူအရာ ရှိသော သူနှင့် ဖူးစာဆုံမည်။

ဓနုရာသီဖွား Sagittarius (23 November-22 December)

ဓနုရာသီဖွားတို့သည် ဘ၀တွင် အရာရာ အောင်ပွဲခံနိုင်သလောက် အချစ်စစ် မျက်နှာတွင် မူ အမြဲအလံဖြူ၊ ဝှေ့ရမ်းအရှုံးပေးရသူများဖြစ်သည်။ ချစ်သူများတတ်သည်။ အချစ်ရေးတွင် အမြဲခွင့်လွတ် အရှုံးပေး၊ အနစ်နာခံတတ်သည်။ တစ်စုံတစ်ယောက်ကို မေတ္တာထားရမည်ဆိုရင် စူးစူးစိုက်စိုက်ချစ်တတ်သောသဘာဝရှိသည်။ ထိုရာသီဖွားတို့သည် အသားလတ်၊ နှာတံပေါ် ခန္ဒာသွယ်လျ၊ မျက်နှာသွယ် စကားပြောမြန် ၍ ခေါင်းမာတတ်သောသူနှင့် ဖူးစာဆုံမည်။


ဗြိစ္ဆာရာသီဖွား Scropio (24 October-22 November)

ဗြိစ္ဆာရာသီဖွားတို့သည် ခံစားချက်၊ ခံယူချက် ကို ဦးစားပေးသော သူများဖြစ်သည်။လျှိုဝှက်သိုသိပ် ၍ မဖြစ်မနေဆောင်ရွက်တတ်သော သဘာဝရှိသည်။ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် ဆုံဖြတ်ချက်ချရန်အတွက် အလွန်အချိန်ယူတတ်သည်။ ဆုံးဖြတ်ပြီးပါကလည်း လုံးဝမပြင်တတ်။ ဝေဖန်မှုကို ဂရုမစိုက်တတ်၊ ဥပက္ခာ နှလုံးသားပိုင်ရှင်များဖြစ်သည်။ ထိုရာသီဖွားတို့သည် အေးချမ်းရိုးသားစွာနေတတ်သော မျက်လုံးဝိုင်းစက်လှပသော နှုးညံ့သိမ်မွေ့စွာ ပြောဆိုတတ်သော ဖူးစာရှင် နှင့်ဆုံဆည်းမည်။

တူရာသီဖွား Libra (24 September -23 October)

ထိုရာသီဖွားတို့သည် မျှတသော သဘာဝ၊ နှစ်လိုသော အနေအထားရှိလင့်ကစား နှလုံးသားမာလွန်း၍ မိမိကိုယ်သာ အချစ်ဆုံးသူများဖြစ်သည်။ ချစ်ခဲပြီး အချစ်မြဲသောသူများဖြစ်သည်။ ထူးခြားချက်မှာ ဥာဏ်မြင့်သော ပညာတတ် ထူးချွန်သောသူကို ဦးစားပေးချစ်တတ်သည်။ မျှတစွာ တွေးခေါ်တတ် ၍ သိမ်မွေ့အေးချမ်းသူဖြစ်သည်။နီးစပ်မှုကို အခြေတည်၍ အချစ်သံယောဇဉ် ဖြစ်တတ်သည်။
ပညာတတ်၊ ဥာဏ်ကြီး၊ စကားပြောကောင်း၊ အကြွားအ၀ါကောင်း၊ ဟန်ကောင်း၊ မျက်နှာလေးထောင့်
နှာတံပေါ် မျက်ရစ်မပါသော (သို့) မျက်လုံးမှေး ၍ အမြဲပြုံးနေသောသူနှင့်ဖူးစာဆုံမည်။

ကန်ရာသီဖွား Virgo (24 August-23 September)

အလွန် စိတ်ထိခိုက်လွယ်သည်။ နှုးညံ့ သိမ်မွေ့လွန်းသော နှလုံးသား ကို ပိုင်ဆိုင်သည်။ချော့ကြိုက်၏ မာမာပြောဆိုဆက်ဆံလာလျှင် အကျိုးရှိသောစကား ပင် ဖြစ်စေ လက်ခံတတ်ခြင်းမရှိ၊ ချစ်သူပင်ဖြစ်လင့်ကစား
ဘ၀ရည်မှန်းချက်တိုးတက်မှုကို ဆန့်ကျင်တားဆီးလာပါက မုန်းတီးဆန့်ကျင်ရန် ၀န်မလေး၊
ထိုရာသီဖွားများသည် ပိန်ပိန်သွယ်သွယ်၊ ပါးပါးလှပ်လှပ် အေးတိအေးစက် နေတတ်ပြီး မျက်လုံး၊ မျက်ခုံးကောင်းကာ နှုတ်ခမ်းပါးပါး စကားတတ်သော ဖူးစာရှင် နှင့် တွေ့မည်။

သိဟ်ရာသီဖွား Leo( 24 July-23 August)

အလွန်သံယောဇဉ်ကြီးသည်။ ငယ်ချစ်ကို ဦးစားပေးတတ်သည်။ အလွန်မျက်နှာပွင့်သောသူ ဖြစ်ပေရာ တစ်ဦးထက်ပိုသော ချစ်သူရည်းစားများ ထားမိတတ်သည်။ ချစ်သူများခြင်းသည် ဘ၀၏ မနှောက်အယှက်တစ်ခုဖြစ်လာတတ်သည်။ အထူးသတိပြုရန်မှာ အချစ်ဆုံးသူနှင့် ကွေကွင်းရတတ်သည်။
လက်ထပ်ရသူက တစ်ယောက်ဖြစ်တတ်သည်။ ထိုရာသီဖွားတို့သည် အသားဝါ၀င်း ပြီး အမြဲတမ်း ပြုံးနေသော အလွန်မျက်နှာချိုသော်လည်းမာန ရှိပြီး ပြတ်သားသော ပညာဥာဏ်ရှိသူ နှင့်ဆုံ စည်းရတတ်သည်။

ကရကဌ်ရာသီ Cancer (23 June-23 July)

ထိုရာသီဖွားတို့၏ နှလုံးသားသည် အငြိုးကြီးသည်။ အမှတ်သည်းခြေကြီးသည်။စိတ်ကြီးသည်။ တစ်စုံတစ်ရာ မိမိနှလုံးသားကို နာကျင်ထိခိုက်အောင် တစ်ဖက်သူမှ လုပ်လျှင် ချက်ချင်းမုန်တီး အရွဲ့တိုက်တတ်သော သဘောသဘာဝ ပိုင်ဆိုင်သည်။ ဘ၀တွင် အသိုင်းအ၀ိုင်းက နှစ်သက်သူတစ်ဦး၊ နှလုံးသားက လက်ခံသူ တစ်ဦးကြားရွေးချယ်ရန် အခက်ကြုံရတတ်သည်။ ထိုသို့ ကြုံရပါက မိမိမေတ္တာထား သလို ထားနိုင်သောသူကို ဦးစားပေး ရွေးချယ်သင့်သည်။ ထိုရာသီဖွားတို့သည် ကိုယ်လုံးကိုယ်ထည် တောင့်တင်း၊ မျက်နှာဝိုင်းကာ အသားလတ်ပြီး နှုတ်ခမ်းလှ၊ သွားစွယ်သွားတက် ရှိသောသူနှင့် ဖူးစာဆုံမည်။

မေထုန်ရာသီ Gemini (22 May-22 June)

မေထုန်ရာသီဖွားတို့သည် ပညာရှိပြီး ဥာဏ်ရည်မြှင့်သောသူကို နှစ်သက်သည်။ မိမိနှင့် တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ် ရပ်တည်တတ်သော သူကို ဦးစားပေး၊ ရွေးချယ်တတ်သောသဘာဝရှိသည်။ မိမိထက် အသက်အရွယ် ၊အနေအထား၊ ဆက်ဆံရသော ၀န်းကျင် မတူခြားနားသော သူကို ရွေးချုယ်မေတ္တာ မျှတတ်သည်။

ထိုရာသီဖွားတို့သည် နှုးညံ့စွာ ပြောဆိုတတ်သော မျက်လုံးအိမ် အနည်းငယ် နက်ရှိုင်း၊ မျက်ဝန်းလှပလင်းလက်သော နဖူး၊ မျက်ခုံး၊ နှာတံ ဆက်စပ်မှု အလွန်တင့်တယ်သော သူနှင့် ဖူးစာဆုံမည်။

4 types of love ဒါမှမဟုတ် အချစ်အမျိုးအစား ၄ မျိုး

1. ego love
2. one sided love
3. blind love
4. true love

Ego love

ဒီအမျိုးအစားက တော့ အတ္တဆန်တဲ့အချစ်မျိုးလို့ပြောလို

့ရပါတယ်....
အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလို့ သတ်မှတ်ထားတဲ့သူတွေပေါ့...
ကိုယ်ချစ်တဲ့သူကို...ကိုယ့်ဘေးမှာပဲခေါ်ထားချင်တယ်...မျက်စိအော
က်ကအပျောက်မခံချင်ဘူး...
သ၀န်တိုနေတယ်...ချစ်သူကကိုယ့်ကိုပဲ ကရုစိုက်စေချင်တယ်ဆိုရင်....အဲ
ဒါ ego
love ဖြစ်နေပါပြီ...
အဲဒီလိုလူတွေက...ချစ်သူကို စိတ်ဆိုးလွယ်တယ်...သူက ငါ့ကို
ငါချစ်သလောက်မချစ်ဘူးဆိုတဲ့အတွေ
းမျိုး..
ခဏခဏ၀င်တတ်ပါတယ်...အမှားဆိုရင် သေးသေးလေးတောင်
သည်းမခံတတ်ကြပါဘူး....အချစ်ကြီး
ပြီး
အမျက်ကြီးတယ်ဆိုတဲ့လူစားမျိုးတွေလဲပါတယ်ပေါ့...

One sided love

ဒီအမျိုးအစားက...ကိုယ်ကပဲချစ်နေချင်တယ်...အရာရာပေးဆပ်နေချင်တယ်...အကောင်းဆုံးတွေလုပ်ပေးချ
င်နေတယ်...
ဒါပေမယ့် တစ်ဖက်လူက...ကိုယ်လုပ်ပေးနေတာေ
တွကို
လိုချင်ရဲ့လားဆိုတာ...ဘယ်တော့မှ
မစဉ်းစားပါဘူး...
အဲဒါကြောင့် တစ်ခါတစ်ခါ...တစ်ဖက်လူက
စိတ်ကျဉ်းကျပ်တာတွေ...စိတ်ရှုပ်
တာတွေခံစားရတတ်ပါတယ်...
အတွဲတစ်တွဲမှာ တစ်ယောက်က အဲဒီလိုဖြစ်နေပြီဆိုရင်တော့..မြ
ကာခင်မှာ
ဆက်ဆံရေးက အက်ကြောင်းထင်လာတတ်ပါတယ်...

Blind love

ဒီလိုအချစ်အမျိုးအစားကို...စိတ်
ကစားတာလို့လဲခေါ်နိုင်ပါတယ်...
အချစ်မှာမျက်စိမရှိဘူးလို့ပြောေ
နကြတဲ့သူတွေပေါ့...
အရာရာကို ရင်ဆိုင်ရဲလာမယ်....သူ့အတွက်နဲ့ အရာရာကိုစွန့်လွှတ်ရဲတဲ့စိတ်တွေ
ဝင်လာမယ်...
ဒါဆိုရင် blind love
ဖြစ်နေပါပြီ...ဖြစ်သင့်မဖြစ်သင့်...လုပ်သင့်မသင့်တွေလဲမစဉ်းစား
မိတော့ဘူးလေ....
ဒါပေမယ့် ဒီလိုအချစ်မျိုးက
ကြာကြာမခံပါဘူး....အချစ်တွေပျောက်သွားတဲ့အချိန်မှ...ကိုယ်လုပ်မိတာတွေအတွက်..နောင်တရနေတတ်ပါတယ်..

True love

နောက်ဆုံးအမျိုးအစားပါ....မေတ္တာလို့လဲခေါ်နိုင်တယ်ပေါ့.....အေးချမ်းတဲ့အချစ်လို့ပြောလို့ရပါ
တယ်...
ပေးဆပ်ခြင်းနဲ့လဲ မကျေကွဲရဘူး....ရယူလိုခြင်းအတွ
က်လဲ မပူလောင်ရတဲ့အချစ်မျိုးပါ....
ဒီလိုအချစ်မျိုးကတော့....အင်
မတန်ရှားပါတယ်...
လူတစ်ယောက်ကို....တစ်ခြားဘာကိုမှမကြည့်ပဲ....သူဖြစ်နေတဲ့အတွက်
ချစ်နေတဲ့အချစ်မျိုးပါ....
အသဲကွဲတယ်ဆိုတာလဲမရှိဘူး....သူနဲ့မပေါင်းရလဲ...ဘာမှမဖြစ်ပဲ...တစ်သက်လုံး...စိတ်ထဲမှာထားပြီး.
...
ချစ်သွားနိုင်တဲ့အချစ်မျိုးပါ..
..အဲဒါကြောင့် တစ်ချို့က ၅၂၈
မေတ္တာနဲ့တောင် မှားတတ်ကြပါတယ်....

အပေါ်မှာရေးခဲ့တဲ့အချစ်လေးမျိုး
မှာ ego love နဲ့ one sided love က
နည်းနည်းဆင်ပါတယ်...
တစ်ချို့က တစ်ခါတစ်လေ...blind love ကို true love နဲ့
လဲမှားတတ်ကြပါတယ်...ဆင်တာကိုး..
.
မတူကတော့... blind love ကလွယ်လွယ်နဲ့ပျောက်သွားတတ်ပြီး.
.. true love
ကတော့ နှစ်တွေဘယ်လောက်ကြာကြာ
မပျောက်သွားတတ်ပါဘူး...
အဲဒါကြောင့်...သူငယ်ချင်းတွေလဲ ချစ်မိပြီဆိုရင်.....
ကိုယ့်ကိုကိုယ်မှန်မှန်ကန်ကန်
သုံးသပ်နိုင်ပြီး...ရင်ဆိုင်ရမယ့်ပြသနာတွေကိုဖြေရှင်းနိုင်ကြပါစေ...