ဝတ်ပုံစားပုံ ဤလူ့ဘုံ
ရာသီအလိုက် ဌာနအလိုက် အဆင်ရွေး၍ ၀တ်တတ်သူကို ယဉ်ကျေးမှုရှိသူ ဟုဆိုရမည်။ လူမှာအ၀တ် တောင်းမှာအကွပ် ဟုဆိုသည့်အတိုင်း လောက၌ အဆင်ပြေအောင် ၀တ်ပုံသင်ခန်းစာဆောင်းပါးမှ ကောက်နှုတ်ချက်ကို အောက်ပါအတိုင်း ကူးမှတ်၍ဖော်ပြလိုက်ပါသည်။ဆန့်ကျင်ဘက်အရောင်များ
လိမ္မော်နှင့်အပြာ ၊အနီနှင့်စိမ်းပြာ ၊
မရမ်းစေ့နှင့်အစိမ်း ၊
ခရမ်းနှင့်အစိမ်းနု ၊
ခရမ်းပြာနှင့်အ၀ါ ၊
အ၀ါနှင့် အနီ (၎င်းတို့မှာ မြင်ရသူများအဖို့ မျက်စေ့ရိုင်းလှပေသည်။)
အဆင်ပြေသောအရောင်များ
အ၀ါနှင့်အစိမ်းဝါ ၊ လိမ္မော်နှင့်အနီရဲ ၊ စိမ်းပြာနှင့်ခရမ်းပြာ ၊ ခရမ်းနုနှင့်ခရမ်းရင့် ၊ ခရမ်းရောင်ပေါ်တွင်ပန်းရောင် ၊ အညိုပေါ်တွင် လိမ္မော်ရောင် ၊ အမဲပေါ်အပြာ ၊ သစ်ရွက်စိမ်းပေါ်အ၀ါ ။ (ဤသို့စပ်ဟပ်၍ အရောင်ပေါ်လျှင် မြင်ရသူ၏ မျက်စေ့ထဲ၌ အေးမြပြေပြစ်လှပေသည်။)အေးရောင်နှင့်နွေးရောင်များ
အစိမ်းနု ၊ အပြာ ၊ မီးခိုးရောင်တို့မှာ အေးရောင်ဖြစ်သည်။ အ၀ါ ၊ အနီ ၊ အညိုရင့်တို့မှာ နွေးရောင်ဖြစ်သည်။ အညိုနှင့်ခရမ်းရောင်တို့မှာ ဆိတ်ငြိမ်သောအရောင်ဖြစ်သည်။အရောင်၏သဘောထားများ
- အ၀ါ = ပညာအလင်းရောင်နှင့် စိတ်ရွှင်ငြိမ်သက်ခြင်းကိုပြသည်။
- လိမ္မော် = မီးရောင်ဖြစ်၍ ပူနွေးကြောင်းကိုပြသည်။
- အနီ = သွေးရောင်ကိုမှီ၍ အရေးကြီးကြောင်းကိုပြသည်။
- အပြာ = ပင်လယ်မှဖြစ်၍ မှန်ကန်ခြင်း ၊ ခံနိုင်ရည်ရှိခြင်းကိုပြသည်။
- အစိမ်း = သစ်ပင်မှဖြစ်၍ ဘ၀နှင့်ကြီးပွားတိုးတက်ခြင်းကိုပြသည်။
- ခရမ်း = မင်းခမ်းမင်းနားတို့နှင့် တိတ်ဆိတ်သောဧည့်ခံမင်္ဂလာပွဲတို့ကိုပြသည်။
- အဖြူ = သန့်ရှင်းဖြူစင် ၊ ငြိမ်သက်တည်တံ့ရာကိုပြသည်။
- အနက် = ၀မ်းနည်းခြင်းအထိမ်းမှတ်ကိုပြသည်။
0 comments:
Post a Comment